ကွန်ဟိန်းမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်

ကွန်ဟိန်း ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွန်ဟိန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွန်ဟိန်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ကာလိမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကွန်ဟိန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွန်ဟိန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းနှင့် တာဝန်ရှိသူများက အသက် (၁၀) နှစ်အထက်  ကျောင်းသား/သူ စုစုပေါင်း (၃၉၈) ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး