သီပေါ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျောင်းစုကျေးရွာ “အောင်မြေစု” စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်ရုံးခန်းမတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ“အောင်မြေစု” စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် အတွင်းရေးမှူး ဦးဟန်ထွန်းကအမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ရတနာဝင်းက မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုအခြေအနေများနှင့် အသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ အသင်းစည်းကမ်းအား ပြင်ဆင်ဖြည့်စွက်ခြင်းစသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက်အစည်းအဝေးသို့တင်ပြသည့် အမှုဆောင်ကော်မတီ၏ အစီရင်ခံစာတင်သွင်းခြင်းနှင့် အတည်ပြုချက်များရယူခြင်းများဆောင်ရွက်ခဲ့ကာ တာဝန်ရှိသူများကအသင်းသားများအား စုဆောင်းငွေပေါ်အတိုးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်