မောက်မယ် အောက်တိုဘာ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းပြီး ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းဆင့် ကျောင်းသား/ ကျောင်းသူများအား စာဖတ်ဝိုင်း၊ ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရန် စာဖတ်ဝိုင်းကို စာရေးဆရာမောင်မင်းစိုးက ရေးသားသည့် “ လူငယ်နှင့် အထက်တန်းစားစိတ်ဓာတ်” စာအုပ်ဖြင့် ကျင်းပပြုလုပ်ပြီး ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ မျိုးဆက်သစ်ကျောင်းသားကျောင်းသူလေးများအား အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားနှင့် သမိုင်းကြောင်းကို မမေ့လျော့စေရန်အတွက် မြန်မာ့လွတ်လပ်ရေး၏ အနှစ်သာရနှင့် အာဇာနည်စိတ်ဓာတ်အကြောင်းအား ရှင်းလင်းဟောပြောပြီး မူလတန်းဆင့်ကျောင်းသား/ ကျောင်းသူများ (၁၄) ဦးက ကဗျာပြိုင်ပွဲတွင် ယှဉ်ပြိုင်ရွတ်ဆိုကြပြီး ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်၍ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြခန်းများကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)