တန့်ယန်း ဇူလိုင် ၁၇
ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားများကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားတွင် ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ဦးစီးပဌာန ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလထံမှ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်း အကျိုးဆောင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် အလှူရှင်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြပြီး နေ့ဆွမ်းကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)