မိုင်းရှူးမြို့၌ (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မိုင်းရှူး ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အသိပညာ‌ပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး အာဇာနည်ခေါင်းဆောင်များ၏ ကိုယ်ရေးအကျဉ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပုံရိပ်များဖြစ်သည့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များအား ပြိုင်ပွဲဝင် ကျောင်းသား၊‌ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်  ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မိုင်းရှူး(ပြန်/ဆက်)