လင်းခေး ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ၂၀၂၆ခုနှစ် ဇူလိုင်၁၉ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊နံရံကပ်စာ စောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လင်းခေးမြို့၊ ပုန်းထွန်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာ၌ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုမြတ်လင်းက အာဇာနည်နေ့ပေါ်ပေါက်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အတ္ထုပ္ပတ္တိအကျဥ်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓါတ်ကိုအတုယူ၍ အနာဂါတ်တွင်ကြိုးစား ဆောင်ရွက်သင့်ပုံများအား ဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲအပြီး ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် အာဇာနည်နေ့နှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့် ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)