မိုင်းရှူး ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်လာမည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ထိမ်းအမှတ် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို မိုင်းရှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းဆင့်၊ အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူ(၂၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ တာဝန်ရှိဆရာ၊ဆရာများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)