မိုင်းပျဥ်းမြို့ အ.ထ.က(ခွဲ) ၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းပျဉ်း ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊  မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၆ ခုနှစ် ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း၊ နီလာခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ယာယီမြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးနိုင်နှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား(၃၀)ဦး၊ ကျောင်းသူ (၅၈)ဦး၊ စုစုပေါင်း(၈၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID)ကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊‌ကျောင်းသူများလက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)