မူဆယ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စပါယ်ခန်းမဆောင်တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၁၂၅)ယာဉ်ထိန်းတပ်ဖွဲ့စု(မူဆယ်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ဇင်လတ်က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းတွင်ပါဝင်သည့် လမ်းဖြတ်ကူးလျှင်လိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်စီးလျှင် လိုက်နာရမည့်အချက်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် သက်ဆိုင်သည့် သိသင့်သိထိုက်သည်များကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ယင်းနောက် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်