ရေဖြူမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UIDကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

ရေဖြူ ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရက်(၁၀၀)ကာလအတွင်း လမင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UIDကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက အ-ထ-က၊ ရေဖြူကျောင်းခန်းမ တွင် ယနေ့ဇူလိုင် ၁၅ရက်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ရက်(၁၀၀)စီမံချက်သည် ပြည်သူများ၏ အခြေခံအခွင့်အရေးများရရှိစေရေး အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကာ ပြည်သူများ၏အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့်ဟောင်းနွမ်းပျက်စီးခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးစိုးမင်းနိုင်နှင့် ဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး ကျောင်းသား/ကျောင်းသူ ၈၇ဦးကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)