ကော့သောင်းမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား စစ်ဆေး

ကော့သောင်း ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း စားသုံးသူပြည်သူများအား စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားအုန်းဆီဖြန့်ဖြူးခြင်းကြီးကြပ်ရေးအဖွဲ့ဝင်များ ကော့သောင်းမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ခွဲဝေရရှိသည့် စားအုန်းဆီများကို ပြည်သူများထံ အပြည့်အဝရောင်းချမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)