Polytechnic University Myeik တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး ဟောပြော

မြိတ် ဇူလိုင် ၁၄

တနင်္သာရီတိုင်းဒေသကြီး Polytechnic University Myeik တွင် တက္ကသိုလ် ကျောင်းသား/ကျောင်းသူများအား ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန်အတွက် အမှတ် (၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြိတ်) မှ ဇူလိုင် (၁၃) ရက်က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောသည်။

အသိပညာပေးဟောပြောရာတွင် Polytechnic University Myeik နည်းပညာမဟာဌာနနှင့် ကွန်ပျူတာမဟာဌာနတို့တွင် သီးခြားစီ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအား အမှတ် (၇၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (မြိတ်) မှ ဒုတိယရဲအုပ် စိုးမင်းက မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်း/စည်းကမ်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို အသိပညာပေးဟောပြော‌ပြီး ပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)