ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၌ အခွန်ဆိုင်ရာ အသိပညာပေး လူထုလှုပ်ရှားမှုပြုလုပ်

ဇမ္ဗူသီရိ ဇူလိုင် ၁၅

ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ အခွန်ဦးစီး ဌာနမှူးရုံးမှ ကြီးမှူး ကျင်းပသော အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေး လူထုလှုပ်ရှားမှု အစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ ပြည်ထောင်စုနယ်မြေ  အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငုဝါရွှေက အမှာစကားပြောကြားပြီး၊ သီရိ ၅ မြို့နယ်၊ အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးကိုကိုက အခွန်အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သိလိုသည်များကိုမေးမြန်းခြင်း၊ အခွန်ဆိုင်ရာမေးမြန်းခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နီလာ(ပြန်/ဆက်)