သင်္ဃန်းကျွန်းခရိုင် ကျိုက္ကစံဆံတော်ရှင်စေတီ၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သင်္ဃန်းကျွန်း ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ဆုတောင်းပြည့် ကျိုက္ကစံဆံတော်ရှင်စေတီနှင့် အရံစေတီတော်များ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းအောင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျိုက္ကစံဆံတော်ရှင်စေတီတော် နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ယနေ့နေ့လယ် ၁၂ နာရီ မိနစ် ၃၀ တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားတွင် ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များကို သက်ဆိုင်ရာ ကော်မတီများအား အသေးစိတ် မှာကြားခဲ့သည်။ ထို့နောက် စေတီတော်ဂေါပကအဖွဲ့ဝင် ဦးသက်ဝေ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးထွန်းဦးတို့က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတီတော်ဂေါပက အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)