ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌အသိပညာပေးဟောပြော

ထားဝယ်  ဇူလိုင် ၁၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ကျောင်းသား/သူများ အသိပညာဗဟုသုကြွယ်ဝစေရန်ရည်ရွယ်ကာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက  ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က ကျောင်းသား/ကျောင်းသူများအနေဖြင့် အနာဂတ်တွင်အောင်မြင်သော လူငယ်များဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသော စာပေနှင့်အသိပညာ ဗဟုသုတများ ဆည်းပူးလေ့လာရန်လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှုလေ့လာပြီး ရရှိသော အသိပညာဗဟုသုတများကို မိမိ၏ မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား/ကျောင်းသူအချင်းချင်း၊ လူငယ်များအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်းဖလှယ်ရန်လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင်  ပြင်ပကလာရောက်ဟောပြောပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန်လိုအပ်ကြောင်း၊ ဌာနမှဆောင်ရွက်ပေးလျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား အသိပညာပေးဆွေးနွေးဟောပြောသည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာလမင်းကိုကိုက နိုင်ငံတော်အစိုးရ၏ရက် ၁၀၀ စီမံချက်ဖြင့် ဌာနမှဆောင်ရွက်ပေးလျက်ရှိသည့် မွေးမြူရေး၊ ကုသရေးနှင့် အသိပညာပေးလုပ်ငန်းများအကြောင်းဆွေနွေးဟောပြောပြီး မြို့နယ်ပညာရေးမှူးဒေါ်စိုးစိုးနွယ်က  စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတက်ပညာများတွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်းများဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)