ကျိုင်းလပ်မြို့၌ ရပ်ရွာအ‌ခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆) ဖွင့်လှစ်

ကျိုင်းလပ် ဇူလိုင် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ရပ်ရွာအ‌ခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာမူလတန်းကျောင်း(ဝမ်လုံ)၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တာချီလိတ်) ဒုရဲမှူး ဦးအောင်ကျော်ဇင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုရဲမှူးဦးအောင်ကျော်ဇင်က မိတ်ဆက်၍ သင်ကြားမည့် သက်ဆိုင်ရာသင်ခန်းစာများအလိုက် ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေအခြေခံ၊ ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေနှင့်နည်းဥပဒေ၊ ယစ်မျိုးစီမံခန့်ခွဲခြင်း၊ ယစ်မျိုးဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်ချက်များစသည့် လုပ်ငန်းများအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းအား (၁၃-၇-၂၀၂၆)ရက်နေ့ နံနက်(၁၀)နာရီမှ ညနေ(၃)အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ရွာသူရွာသားများ စုစုပေါင်း သင်တန်းသား(၃၇)ဦး တက်ရောက်လေ့လာသင်ကြားလျက်ရှိကြောင်း သိရသည်။

နှင်းနုထွေး(ပြန်/ဆက်)