ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ နားလင်လိုင်ကျေးရွာအတွင်းဆောင်ရွက်သည့် ကျောက်ခင်းလမ်း ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မိုင်းနောင် ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ နားလင်လိုင်ကျေးရွာအတွင်း ဆောင်ရွက်သော ကျောက်ခင်းလမ်းပြန်လည် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ယမန်နေ့ နံနက်(၁၀)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပထမဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းညွန့်ဆွေ ၊မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများသည် နားလင်လိုင်ကျေးရွာအတွင်း ဆောင်ရွက်နေသော ကျောက်ခင်းပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ကျောက်ခင်းပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွင် ဆောင်ရွက်ထားသော ရေနုတ်မြောင်းများ  စနစ်တကျ ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။ အဆိုပါ နားလင်လိုင်ကျေးရွာ ကျောက်ခင်းပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း(၁/၀)မိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ပြည်နယ်ရန်ပုံငွေ ကျပ်သန်း(၁၁၃)ဖြင့် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)