သီပေါ ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဘော်ကြိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် သီပေါမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်ဇော်မိုးက ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံ၏အနာဂတ်မျိုးဆက်များဖြစ်သည့်အတွက် မှုခင်းကျဆင်းရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တရားဥပဒေကို လေးစားလိုက်နာကြရန်၊ သံသယဖြစ်ဖွယ်လူများနှင့် အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန်၊ မိတ်ဆွေကောင်းများကို ရွေးချယ်ပေါင်းသင်းကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲရန် သို့မဟုတ် ဥပဒေချိုးဖောက်ရန် လှုံ့ဆော်သူများနှင့် ကင်းရှင်းစွာနေထိုင်ကြရန်၊ မူးယစ်ဆေးဝါးနှင့် အကျင့်ပျက်မှုများမှ ကာကွယ်ထိန်းသိမ်းကြရန်၊ အွန်လိုင်းဂိမ်းများ မကစားကြရန်စသည်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)