ကျိုင်းတုံမြို့နယ် လွယ်မွေဒေသ ‌ကျေးရွာများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးအတွက် လျှိုပိတ်တမံတည်ဆောက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ ဇူလိုင် ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်လွယ်မွေဒေသ ကျေးရွာများတွင် လိုအပ်လျက်ရှိသည့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးအတွက် လျှိုပိတ်တမံ တည်ဆောက်နိုင်ရန် ဇူလိုင် ၁၂ ရက်က ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦစိုင်းဟွမ်နွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက် ကြသည်။

ထိုသို့ ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့နှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ် လွယ်မွေဒေသရှိ ‌ကျေးရွာများတွင် လိုအပ်လျက်ရှိသည့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးအတွက် လွယ်မွေကျေးရွာ၏ အရှေ့ဘက် နောင်လျန် (၆) ရွာအနီးတွင် လျှိုပိတ်တမံတည် ဆောက်မည့်နေရာကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)