လှိုင်မြို့နယ်တွင် မြန်မာ့ရိုးရာခြင်းလုံး အားကစားရုံ၊ ဘုရင့်နောင်ခြင်းရုံဖွင့်ပွဲ အခမ်းအနားကျင်းပ

လှိုင် ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မြန်မာ့ရိုးရာခြင်းလုံးအားကစားရုံ၊ ဘုရင့်နောင်ခြင်းရုံဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က လှိုင်မြို့နယ် အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်ခြင်းရုံ(ချောင်းဝ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်၊ ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ထက်၊ လှိုင်မြို့နယ်အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဘုရင့်နောင်ခြင်းရုံ(ချောင်းဝ)ဥက္ကဋ္ဌကြီး ဦးမျိုးသန့်တို့မှ အဖွင့်အမှာ စကားများ အသီးသီးပြောကြားခဲ့သည်။ ဆက်လက်၍ ခြင်းရုံအကျိုးတော်ဆောင်တစ်ဦးမှ ပွဲဖြစ်မြောက်ရေး ကူညီကြသူများနှင့် လာရောက်ကြသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ခြင်းလုံးနာယကကြီးများမှ ခြင်းလုံးပေး၍ ခြင်းရုံဖွင့်ပွဲအခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်းနှင့် တက်ရောက်လာသော မြန်မာ့ရိုးရာခြင်းအဖွဲ့များမှ ဧည့်ခံခတ်ကစားခဲ့ကြောင်း သိရသည်။

ယမင်း(ပြန်/ဆက်)