တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုက်ရိုက်မျိုးစေ့ချကိရိယာ seeder ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူနည်းပညာပေးသရုပ်ပြပွဲနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ကော့သောင်း ဇူလိုင် ၁၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုး ကျေးရွာအုပ်စု၊ (၇)မိုင်ကျေးရွာ၊ အကျဉ်းဦးစီးလယ်တွင် ကျင်းပပြုလုပ်သည့်  မျိုးစပါး စိုက်တောင်သူများအား တိုက်ရိုက်မျိုးစေ့ချကိရိယာ seeder ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူနည်းပညာပေးသရုပ်ပြပွဲသို့ ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့သည်။

အဆိုပါ သရုပ်ပြပွဲတွင် စိုက်ပျိုးရေးဌာနမှတာဝန်ရှိသူများက အရည်အသွေးကောင်းမွန်သော စပါးမျိုးစေ့များရရှိရေး စပါးဆားရည်စိမ်သည့် နည်းလမ်းအားသရုပ်ပြခဲ့ပြီး အဆိုပါရွေးချယ် ရရှိသည့်စပါးမျိုး‌အား တိုက်ရိုက်မျိုးစေ့ချကိရိယာ seeder အသုံးပြု၍  မိုးစပါးစိုက်ပျိုးခြင်း တောင်သူနည်းပညာပေးသရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကျိုး ဆောင်တောင်သူများ၊ စက်မှု၊ စိုက်ပျိုး‌၊ မွေးမြူရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေပြည်စိုး ကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် ငှက်ပျောပင် စွန့်ပစ်အစိတ်အပိုင်းများဖြင့် သဘာဝ မြေဆွေးပြုလုပ်နည်းအဆင့်ဆင့် ကွင်းသရုပ်ပြပွဲအား အကျိုးဆောင်တောင်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရွှေဝါထွန်းဘက်စုံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ တောင်သူများ၏ စိုက်ပျိုး‌၊ မွေးမြူရေးဆောင်ရွက်မှု အခြေအနေများ လိုက်လံကြည့်ရှု အား‌ပေးကာ အခက်အခဲတင်ပြချက်များအ‌ပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)