မိုင်းပျဉ်းမြို့ အထကကျောင်း၌  ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ

မိုင်းပျဉ်း ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနေ့  ဇူလိုင်လဒုတိယပတ်အနေဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ဇူလိုင် ၁၂ ရက် နံနက် (၇) နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပသည်။

ထိုသို့ဆောင်ရွက်ကြရာ၌ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ ဇူလိုင်လဒုတိယပတ် အနေဖြင့်  အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ ဂေဟစနစ်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ မိမိကျောင်းအား တန်ဖိုးထားချစ်မြတ်နိုး၍ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဆရာ၊ ဆရာမများနှင့် အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက သီးပင်၊ စားပင်များ၊ ပန်းအလှပင်များနှင့် အရိပ်ရအပင်များကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း  သိရသည်။

နန်းသန္တာဦး(ပြန်ဆက်)