မိုင်းယောင်း ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာ၌ယမန်နေ့က မြေနိမ့်ဒေသစိုက် ရိုဘတ်စတာ (Robusta) ကော်ဖီကို ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက စိုက်ပျိုးကြသည်။
ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်က စိုက်ပျိုးမည့် မြေနိမ့်ဒေသစိုက် ရိုဘတ်စတာ (Robusta) ကော်ဖီပင်များကိုပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မြေနိမ့်ဒေသစိုက် ရိုဘတ်စတာ (Robusta) ကော်ဖီ ၂၅၀ ပင်ကို စုပေါင်းစိုက်ပျိုးကြသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် မြို့နယ်မိုးလုံလေလုံအားကစားရုံ၌ တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မော်တော်ယာဉ်/ဆိုင်ကယ် သက်တမ်းတိုးနှင့် သင်မောင်းလိုင်စင် ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း