ဘုတ်ပြင်းမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဘုတ်ပြင်း ဇူလိုင် ၁၂ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့ညနေပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မီတာ(၁၀၀)ပြေးပြိုင်ပွဲ၊ မီတာ (၀၀) ပြေးပြိုင်ပွဲ၊  မီတာ (၁၁၀) တန်းကျော်ပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ သုံးဆင့်ခုန်ပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်စသည့် အားကစားနည်းများကို အခြေခံပညာကျောင်း () ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲအသီးသီးတွင် အားကစားနည်းအလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့်သူ များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆုများအသီးသီးပေးကြပြီး အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် မူလွန်-စတိန်းချောင်းဖျား ကျောင်းအသင်းအား ဒုတိယမြို့နယ်ပညာရေးမှူး ဦး‌ကျော်သီဟကလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် အထက-ဘုတ်ပြင်း ကျောင်းအသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)