ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူးနှင့်မောက်မယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံညှိနှိုင်း

မောက်မယ် ဇူလိုင် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို  ဇူလိုင် ၁၁ ရက် နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။   

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးမင်းသက်နိုင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်အယ်နန်းခမ်းက  မောက်မယ်မြို့နယ်အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ကြက်ခြေနီသင်တန်းဖွင့်လှစ်သွားမည်ဖြစ်သဖြင့် သင်တန်းသား/သင်တန်းသူရရှိရေး၊ ကြက်ခြေနီအသင်း အဖွဲ့ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ရေး၊ SAS plan များရေးဆွဲဆောင်ရွက်ရန်၊ ကြက်ခြေနီအသင်းအဖွဲ့၏ မြေနေရာ အမည်ပေါက်ရရှိရေးဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တပ်ဖွဲ့ဝင်များအား ဝတ်စုံ၊ မိုးကာအင်္ကျီ၊  First Aid Kit ၊ ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၏ တင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)