မိုင်းယောင်း ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ဇူလိုင် ၁၂ ရက်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်းပွဲ ကျင်းပသည်။
ဦးစွာ ခရိုင်ဥပဒေအရာရှိ ဦးအောင်ဆန်းဦးက အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေအရာရှိ ဦးသက်ဘုန်းဝေနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၂၂ ဦး တက်ရောက်ပြီး သိသင့်သိထိုက်သော ဥပဒေ၊ နည်းဥပဒေများနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာ ဘာသာရပ်များကို ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)