တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ကော့သောင်းမြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု

ကော့သောင်း  ဇူလိုင် ၁၂

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု (၈)မိုင်ကျေးရွာ၊ ဘန်းကချွန်ကျေးရွာအုပ်စု စိုင်ဒင်းကျေးရွာများသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကျေးလက်လမ်းဖွံ့ဖြိုးရေး‌ဦးစီးဌာန၏ (၂၀၂၆ -၂၀၂၇) ဘဏ္ဍာရေးနှစ်  (၈)မိုင်ကျေးရွာ ရွာတွင်းလမ်း အပေါ်ပိုင်းရှိ ‌ပျက်စီးနေသောရေထုတ်ပြွန်(၂)ခုအား ကျောက်ကြီးစီ ကမ်းကပ်ခုံသံကူကွန်ကရစ်ကြမ်းခင်း Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် စိုင်ဒင်းကျေးရွာ၊ပိတောက်လမ်းရှိ ကျောက်ကြီးစီ ကမ်းကပ်ခုံသံကူကွန်ကရစ်ကြမ်းခင်းတံတား (၁) စင်းအဖြစ် တည်ဆောက်ခြင်းနှင့် ချဉ်းကပ်လမ်းမြေဖို့ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုသည်။ ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘန်းကချွန်ကျေးရွာအုပ်စု၊စိုင်ဒင်းကျေးရွာ ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်း အကောင်အထည်‌ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ‌စိုင်ဒင်းကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်တာဝန်ရှိသူများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ထားသည့် အေးမြကန်သာရပ်ကွက်ရှိ စက်ချုပ်လုပ်ငန်းလုပ်ကိုင်‌‌နေသူများအား  တွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)