နေပြည်တော် ဇူလိုင် ၁၁
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (၆)လအတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၂၀၀) အထက်/အောက် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်တင်ဒါကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က တင်ဒါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လမ်းလုပ်ငန်း (၃)ခု၊ အုတ်စီရေမြောင်းလုပ်ငန်း (၁)ခု၊ အဆောက်အဦးလုပ်ငန်း (၂)ခု၊ Box Culvert လုပ်ငန်း (၄)ခု စုစုပေါင်းလုပ်ငန်း (၁၀)ခု Lot ၅ ခု တို့အား တင်ဒါခေါ်ယူခဲ့ပြီး မြို့နယ်တင်ဒါကော်မတီအဖွဲ့ဝင်များက တင်ဒါလျှောက်လွှာတင်သွင်းထားသည့် နည်းပညာအဆိုပြုလွှာများကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တင်ဒါလျှောက်လွှာတင်သွင်းထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ဇေယျာမြေ)