ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့သို့ ဌာနဆိုင်ရာဝန်ထမ်းများ ရောက်ရှိ ဒေသခံများ ကြိုဆို

မောတောင် ဇူလိုင် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သို့ တာဝန်ထမ်း‌ဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာသော ဌာနဆိုင်ရာဝန်ထမ်း ၅၄ ဦးအား စစ်ဗျူဟာ(၁) ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျာထွေး ဦးဆောင်ကာ မောတောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝေလှိုင်စိုး၏ ကြီးကြပ်မှုဖြင့် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံမိဘပြည်သူ ၁၀၀ ခန့်က မြို့အဝင်ဆိုင်းဘုတ်အနီးတွင် သွားရောက်ကြိုဆိုခဲ့ကြသည်။

အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများအား မောတောင်နယ်မြေရဲစခန်း၊ စည်ပင်သာယာဝန်း၊ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့အုပ်ချုပ်ရေးမှူးအိမ်ရာတို့တွင် နေရာချထားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)