ကျေးသီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ပြသ

ကျေးသီး ဇူလိုင် ၁၁

ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ကျောင်းသူများ စာပေကိုအလွယ်တကူဖတ်ရူလေ့လာနိုင်ရန်နှင့် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုလေ့လာပြီး လူတော်လူကောင်းများဖြစ်လာစေရန်အတွက်ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးသီးမြို့လုံပုရပ်ကွက်ရှိ အခြေခံပညာအ.မ.ကမူလွန်လုံပုကျောင်း၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်(၉)ဦးအကြောင်းတို့ကို အသိပညာပေးဟောပြောပြီး ကျောင်းသား/ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်းစာစောင်များစသည့် ကလေးစာပေများကိုဖတ်ရှုစေခဲ့ပြီး Mobile စာငှားလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးလုပ်ငန်းတွင် အာဇာနည်ခေါင်းဆောင်(၉)ဦး၏ သမိုင်းအကြောင်းအရာများ လူငယ်ရေးရာအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကြောင်းသိကောင်းစရာစသည့် အသိပညာပေးနံရံကပ်စာစောင်များကိုခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရူ့လေ့လာခဲ့ကြောင်း သိရသည်။

ကျေးသီး(ပြန်/ဆက်)