တနင်္သာရီမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

တနင်္သာရီ ဇူလိုင် ၁၀

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် အခြေခံမူလတန်းကျောင်း (အောက်ကင်းအရှေ့)၌ ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီက မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးနိုင်က ကလေးသူငယ်များ မှုခင်းကျူးလွန်ခံရမှုမှ ကြိုတင်ကာကွယ်ရှောင်ရှားနိုင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်လျော့နည်းပပျောက်ရေး၊ ကျောင်းနေအရွယ် ကလေးသူငယ်များ၏ လူမှုကွန်ရက် (Social Media) အသုံးပြုမှုနှင့်ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများကို သတိပြုရှောင်ရှားနိုင်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ယာဉ်အန္တရာယ်များ မဖြစ်ပွားစေရေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောသည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တနင်္သာရီ(ပြန်/ဆက်)