ဘုတ်ပြင်းမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆) သင်တန်းဆင်းပွဲကျင်းပ

ဘုတ်ပြင်း   ဇူလိုင်  ၁၀

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ် ပညာသင်တန်း(၁/၂၀၂၆)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီက သင်တန်းဆင်းအမှာစကားပြောကြားသည်။ သင်တန်းသားသင်တန်းသူများအား မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ဈေး၊ စက်သုံးဆီသိုလှောင်/ဖြန့်ဖြူး/ရောင်းချ နေသည့် လုပ်ငန်းများ၊ ဟိုတယ်၊ တည်ခိုးခန်းလုပ်ငန်းများနှင့်စက်ရုံ၊ ကုမ္ပဏီစသည့်တို့မှ သင်တန်းသား(၅၀) တက်ရောက်ကြပြီး သင်တန်းကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁၀ ရက်အထိ သင်းကြားပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)