နောင်ချို ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲအုပ်ဟန်ထွန်းနိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအကြောင်းအရာများ၊ ယာဉ်မောင်းသူများလိုက်နာရမည့် ဆောင်ရန်ရှောင်ရန်အချက်များစသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။ ဟောပြောပွဲသို့ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးသိန်းနှင့်ကျောင်းသား၊ကျောင်းသူ (၁၁၀)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်