နောင်ချို ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် အခြေခံပညာကျောင်းသား/သူများအား နွားနို့နှင့် ကြက်ဥပြုတ် ဖြည့်စွက်အာဟာရတိုက်ကျွေးခြင်းအခမ်းအနားကို ဇူလိုင်လ (၉) ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာ၊ အထက-ကံကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် မူလတန်းကျောင်းသား/ သူများအား နွားနို့နှင့် ကြက်ဥပြုတ်ဖြည့်စွက်အာဟာရတိုက်ကျွေးခြင်းအခမ်းအနားကို ဇူလိုင်လ (၉) ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာ၊ အထက-ကံကြီး၌ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်သန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး အခြေခံပညာကျောင်းသား/သူ(၅၅၇)ဦးအား နွားနို့ (၇၀) ပိဿာနှင့် ကြက်ဥပြုတ် (၅၅၇) လုံးကို ဖြည့်စွက်အာဟာရတိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်ဆက်