အောင်လံ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးသည့် စာအုပ်စာစောင်များအား အောင်လံမြို့နယ်အတွင်းရှိ မုဒြာစာကြည့်တိုက်နှင့် မဟာနွယ်စာကြည့်တိုက်များသို့ လွှဲပြောင်းပေးအပ််ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အောင်လံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းတင့်က စာအုပ်ပေးအပ်လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး၊ ပြလို့မြို့ မုဒြာစာကြည့်တိုက်နှင့် မဟာဇင်ကျေးရွာ မဟာနွယ်စာကြည့်တိုက် တာဝန်ရှိသူများထံသို့ စာအုပ်/စာစောင်များ လွှဲပြောင်းပေးအပ်ခဲ့သည်။အခမ်းအနားသို့ ပြလို့မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ စာကြည့်တိုက်တစ်တိုက်လျှင် သုတ/ရသ စာအုပ် (၂၁၄)အုပ်အား စာကြည့်တိုက်ကော်မတီဝင်များထံသို့ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)