မိုင်းပျဉ်း ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ၂၀၂၆ ခုနှစ် ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။
(၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်ရာ၌ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်မိုင်ယုယုသန်းက အာဇာနည်နေ့ ပေါ်ပေါက်လာပုံအကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက အာဇာနည်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ထားရှိကြရေး အကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့ကြသည်။ ထို့နောက် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ထက်၊ လယ်၊ မူအဆင့် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီများအားပြသထားရှိရာ ကျောင်သား၊ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားသို့ အ.ထ.ကမှ ဆရာမများ၊ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)