လားရှိုး ဇူလိုင် ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် (၉) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က (၇၉) နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အားလည်းကောင်း၊ အာဇာနည်ဆိုသည့်အဓိပ္ပာယ်၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံတော်လွတ်လပ်ရေးအတွက် ကြိုပမ်းခဲ့ပုံ၊ အာဇာနည်နေ့သမိုင်းကြောင်းအား ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲအားပြသခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)