မက်မန်း ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်ဈေးဆိုင်များအား သက်တမ်းလွန်ကုန်ပစ္စည်များ ရောင်းချနေမှု ရှိ/မရှိ၊ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမင်းမင်းစိုးနှင့် ကျန်းမာရေးဝန်ထမ်းများဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနမှ တာဝန်ရှိသူများ၊၊ မြို့နယ်စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများက ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ကုန်ပစ္စည်းအမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် စားသောက်ကုန်များအားရောင်းချရန်၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် စားသောက်ကုန်များကိုသာရောင်းချရန်၊ သန့်ရှင်းလတ်ဆက်သည့် စားသောက်ကုန်များကိုသာရောင်းချရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများက စားသောက်ကုန်များတွင် အညွှန်းများတပ်ဆင်မှုရှိ/မရှိ၊ သက်တမ်းလွန်စားသောက် ကုန်များရောင်းချနေမှု ရှိ/မရှိစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)