မောက်မယ်မြို့နယ်၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆွေးနွေးပွဲ ကျင်းပ

မောက်မယ် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်များပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ယနေ့နံနက်(၁၀)နာရီက  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာကျောင်းအုပ်ဆရာမကြီးများက အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြော၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရေးအတွက် သတ်မှတ်ချက်၊ စည်းကမ်းချက်များ၊ အချိန်၊ ခေါင်းစဉ်များစသည့် ဆွေးနွေးချက်များအပေါ် ဒေါ်နန်းမိုခမ်းက ပြန်လည်ဖြည့်စွက်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး (Community Centre)ခန်းမတွင် ပြသထားသည့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်အသုံးပြုမှုလျော့ချရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)