ဆီဆိုင်မြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ပို့ချ

ဆီဆိုင် ဇူလိုင် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ်ဥပဒေရုံးမှ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ဖွင့်လှစ်ပို့ချခဲ့သည်။

ထို့သို့ သင်တန်းပို့ချရာတွင် မြို့နယ်ဥဒေအရာရှိ ဦးအောင်ဇေယျက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ လောင်းကစားဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့်နည်းဥပဒေများ၊ ရာဇသတ်ကြီး၊ ရာဇဝတ် ကျင့်ထုံးဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေစသည့်အကြောင်းအရာများကို အသိပညာပေးဆွေးနွေးပို့ချခဲ့သည်။ အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများတက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ ၉ ရက်နေ့ မှ ၁၀ ရက်နေ့အထိ ပို့ချပြီးသင်တန်းတက်ရောက်သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)