လားရှိုးမြို့တွင် အသိပညာဗဟုသုတတိုးပွား‌စေရေး ဟောပြောပွဲ ကျင်းပ

လားရှိုး ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာဗဟုသုတတိုးပွားစေရေးဟောပြောပွဲကို ယမန်‌နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က ပြည်သူ့ဆက်ဆံရေးသိ‌ကောင်းစရာများအကြောင်းအားလည်းကောင်း၊ ဆိုရှယ်မီဒီယာ၏ ကောင်းကျိုးနှင့်ဆိုးကျိုးများအားလည်းကောင်း အသိပညာပေးရှင်းလင်း‌ပြောကြားခဲ့ရာ တက်ရောက်လာသည့် ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတို့သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီးဦးဆောင်ဆွေးနွေးသူက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)