မိုးနဲမြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုးနဲ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်း‌ဆေးကုဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး  ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ ကျန်းမာရေးအလေ့အကျင့်ကောင်းများရရှိကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို  ယနေ့နံနက် ၁၀ နာရီက ဥယျာဥ်အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှတာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား မျက်စိစစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်နှင့်အရပ်တိုင်းတာပေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှုစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးပေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ကျောင်းသုံးရေကန်များကို အဘိတ်ဆေးများခတ်ပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)