လင်းခေး ဇူလိုင် ၁၀
၂၀၂၆ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေး၊ခုန်၊ပစ်အားကစားပြိုင်ပွဲ၌ အောင်ပွဲရရှိခဲ့သည့် မြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့အဝင်လမ်းဆုံနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် လင်းခေးမြို့နယ်အနေဖြင့် ပြိုင်ပွဲဝင် အားကစားသမားအမျိုးသား(၇)ဦး၊ အမျိုးသမီး(၆)ဦး စုစုပေါင်း(၁၃)ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာ၊ ပြိုင်ပွဲ၌ ရွှေတံဆိပ် ဆု(၄)ခု၊ ငွေတံဆိပ်(၈)ခုနှင့် ကြေးတံဆိပ်ဆု(၄)ခုတို့ ဆွတ်ခူးရရှိခဲ့ကြပါသည်။ အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲသို့ တပ်နယ်(လင်းခေး)မှ တပ်နယ်မှူးဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနေခြည်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဘင်ခရာတပ်ဖွဲ့၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပြီး၊ တပ်နယ်မှူးက အောင်ပွဲရအားကစားအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းပေးအပ်ခဲ့ကာ၊ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)