လားရှိုး ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်နိုင်နှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ရရှိစေရေး နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အ.ထ.က(ခွဲ)၊ အ.လ.က(၉)ကျောင်း၌ ဆောင်ရွက်သည်။
ထို့သို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက အ.ထ.က(ခွဲ)၊ အ.လ.က(၉) ကျောင်းမှ အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၂၆ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ရရှိစေရေးဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)