မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယောင်း ဇူလိုင် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့နှင့် တက်ရောက်လာသူများက စနစ်တကျအမှိုက်စွန့်ပစ်ရေး၊ လမ်းများ၊ ရေနုတ်မြောင်းများနှင့် အများပြည်သူပိုင်နေရာများ သန့်ရှင်းရေးဆောင်ရွက်ရန်၊ မြို့တွင်းစိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပစေရေးအပါအဝင် မြို့သာယာလှပရေး ဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း