မိုင်းရယ် ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ စပါးနှင့်ယာသီးနှံစိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးစရိတ်ငှားရမ်းခသက်သာစေရန်နှင့် ခေတ်မီစက်ကိရိယာများဖြင့် စနစ်တကျစိုက်ပျိုးတတ်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေးနည်းစနစ်များ ရှင်းလင်းသရုပ်ပြခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီက စိုက်ပျိုးပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်က စိုက်ပျိုးရေးဦးစီးဌာနရုံး မြေနေရာတွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးပင်များပျိုးထောင်ထားရှိမှု၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ်များ စမ်းသပ်စိုက်ပျိုးခြင်း၊ စပါးမျိုးစေ့ချကိရိယာ၊ ယာသီးနှံမျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးနည်းစနစ်များကို လက်တွေ့ရှင်းလင်း သရုပ်ပြပေးခဲ့သည်။ အဆိုပါစပါးနှင့်ယာသီးနှံများအား ခေတ်မီစက်ကိရိယာများဖြင့် စနစ်တကျစိုက်ပျိုးနည်းများ ရှင်းလင်းသရုပ်ပြရာတွင် မိုင်းရယ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)