ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်

ဟိုပုံး  ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပန်းအလှထိုးနည်းသင်တန်းကို ယမန်နေ့ ညနေ ၃ နာရီက ဖွင့်လှစ်သင်ကြားပေးသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က ဘုရားပန်းကပ်လှူပူဇော်ရာတွင်ဖြစ်စေ၊ မိမိတို့၏အိမ်တွင် ပန်းအလှဆင်သည့်အခါတွင်ဖြစ်စေ၊ ဌာနတွင်း အခမ်းအနားများဆောင်ရွက်သည့်အခါတွင်ဖြစ်စေ အခမ်းအနား၏ပြင်ဆင်မှုတွင်ပါရှိသည့် ပန်းအလှထိုးနည်းကို တတ်မြောက်သိရှိစေရန်ရည်ရွယ်၍ ပန်းအလှထိုးနည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပန်းအိုးဖြင့်ပန်းအလှထိုးနည်း၊ စားပွဲတင်ပန်းအလှထိုးနည်းစသည်တို့ကို သင်ကြားပြသပေးခဲ့ကြောင်းနှင့် ပန်းအလှထိုးနည်းသင်တန်းကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)