ကလောမြို့နယ်၊‌ အင်းခေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ နှစ်(၇၉)ပြည့် အာဇာနည်‌နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကလော ဇူလိုင် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီက အင်းခေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ နှစ်(၇၉)ပြည့်အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်း‌ခေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က နှစ်(၇၉)ပြည့် အာဇာနည်‌နေ့အ‌ကြောင်းသိကောင်းစရာနှင့် ပတ်သက်၍လည်း‌ကောင်း၊ ကျောင်းသား၊‌ကျောင်းသူများအား စာအုပ်၊စာ‌စောင်များအား ကျောင်းအားလပ်ချိန်တွင် ဖတ်ရှုခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးအကြောင်းတို့ကိုလည်း‌ကောင်း အသိပညာပေးဟောပြောခဲ့သည်။ 

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုဆိုင်ရာအကြောင်း အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရှိရသည်။ အလားတူ ကလောမြို့နယ်၊ သရက်ပုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ဇူလိုင်လ ၇ ရက်နေ့တွင်လည်း နှစ်(၈၀)ပြည့် အာဇာနည့်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)