မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းရှူး ဇူလိုင် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်‌မော်က ကျောင်းစည်းကမ်းအကြောင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာဖတ်ခြင်းဖြင့်ရရှိစေမည့် အကျိုးကျေးဇူးအကြောင်းအရာများ၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ငုဝါက ရုပ်ပြပုံပြင်များဖတ်ပြခဲ့ပြီး ပုံပြင်ပါအကြောင်းအရာများကို ကျောင်းသား၊‌‌ကျောင်းသူများက သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ရာ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ ပြန်လည်ဆွေးနွေးပေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများအား စာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းရှူး(ပြန်/ဆက်)