ကျောက်ဆည် ဇူလိုင် ၉
အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အကျင့်ကောင်းများ ရရှိစေရန်၊ ဘက်စုံထူးချွန်သည့် လူကောင်း၊ လူတော်များ ဖြစ်လာစေရန် ရည်ရွယ်၍ ဇူလိုင် ၉ ရက် နံနက် ၉ နာရီခွဲက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမြင့်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်သန်းဌေးက စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို မှတ်သား ကြပြီး ဘက်စုံထူးချွန်သူများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စကားဝိုင်းပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၃) အခြခံပညာအထက် တန်းကျောင်းမှ Grade-8 ကျောင်းသူ မနှင်းဝတ်ရည်ဦးက “လူငယ်နှင့်ရွေးချယ်မှု”၊ Grade-9 ကျောင်းသား မောင်ထက်နိုင်ဖြိုး က “လူငယ်နှင့်ယဉ်ကျေးမှု”၊ မသဇင်ထက်က “လူငယ်နှင့်စာပေ”၊ Grade-11 ကျောင်းသူ မနှင်းပွင့်အေးက “လူငယ်နှင့်ကျန်းမာရေး”၊ မရွှေမိုးသဲက “လူငယ်နှင့်တန်ဖိုး” ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့သည်။
စကားဝိုင်းအပြီးတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ကျောင်းသား/ ကျောင်းသူလေးများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက် သေးသည့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်း စသည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ ကြည်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)